ဗမာ စစ်တပ် အရေးယူခံရတော့မည်

ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (တပ်မတော်) ကျူးလွန်ထားသည့် စစ်ရာဇ၀တ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများအရေး ဒီဇင်ဘာ ၁၂ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးမည်

ဗမာအမျိုးသားရေးဝါဒီ အောင်ဆန်းဦးဆောင်ပြီး နိုင်ငံရေးအာဏာကို ဗမာတွေ လိမ်လည်ရယူသွားခဲ့သည့်အချိန်မှစ၍ လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်တခုလုံးကိုဆန့် ကျင်သည့်ပြစ်မှုများကို ကျူးလွန်ပြီး နိုင်ငံတကာနှင့်ဒေသတွင်းလုံခြုံရေးအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးကိုပါ ခြိမ်းခြောက်လာနေခဲ့သည့် တပ်မတော်အမည်ခံ ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၏အကြမ်းဖက်မှုပြဿနာများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူသွားနိုင်ရန် လာမည့် ဒီဇင်ဘာလ ၁၂ ရက်နေ့  တွင် ထပ်မံ၍ ဆွေးနွေးသွားကြမည်ဟု သိရှိရသည်။

လာမည့် ဆွေးနွေးပွဲသည် နိုဝင်ဘာလ ၆ ရက်နေ့ တွင် ထုတ်ပြန်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ၏ ရခိုင်ပြည်တွင် စစ်အင်အားအဆမတန်သုံးစွဲပြီး ဗမာလက်နက်ကိုင်အဖွဲ့  ၏စစ်သွေးကြွသောင်းကျန်းနေမှုအား ရပ်တန့်  သွားရန်တောင်းဆိုမှုအား ဗမာအုပ်စုမှ မထီမဲ့မြင်ပြု လိုက်နာမှုမရှိသောကြောင့် ယခုလို ရက်ပေါင်း ၃၀ အလွန် အရေးပေါ်အစည်းအဝေး စီစဉ်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤဆွေးနွေးပွဲသည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၅ ရက် အင်္ဂါနေ့  တွင် ကျင်းပခဲ့သည့် နိုင်ငံတကာလူ့  အခွင့်အရေးကောင်စီအထူးအစည်းအဝေး၏အဆက်ဖြစ်ပြီး ကုလသမဂ္ဂကထုတ်ပြန်ထားသည့် အစီအစဉ်အရ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးလက်အောက်ခံ နိုင်ငံရေးဆိုင်ရာတာဝန်ခံ Jeffrey Feltman က မြန်မာနိုင်ငံတွင် ဗမာစစ်တပ် ကျူးလွန်နေသည့် လူ့  အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို အစီရင်ခံဖတ်ကြားသွားမည်ဟု သိရှိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့  ဆွေးနွေးမှုသည့် တံခါးပိတ်အစည်းအဝေးဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဗီတိုအာဏာသုံးလာနိုင်ခြေရှိသဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့  များစေလွှတ်ပြီး စစ်ရေးအရ အရေးယူမှုများ ပြုလုပ်မည့် ဆုံးဖြတ်ချက်ကို ချမှတ်လာနိုင်မည် မဟုတ်သော်လည်း ကမ္ဘာ့အန်ဖတ်ကြီး ဖြစ်လာနေသည့် ဗမာစစ်တပ်ကို စီးပွါးရေးပိတ်ဆို့ ဒဏ်ခတ်မှု၊ သံတမန်ရေးဖြတ်တောက်မှု၊ နိုင်ငံတကာအကူအညီများရပ်ဆိုင်းမှု၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ မြန်မာနိုင်ငံတွင် မပြုလုပ်ရန်ဖိအားပေးမှု၊ နိုင်ငံတကာအစ္စလမ်မစ် စစ်သွေးကြွများနှင့် ဘင်္ဂလီအကြမ်းဖက်သမားများကို OIC လို အဖွဲ့ က ငွေကြေးထောက်ပံ့ပေးပြီး ရန်ကုန် မန္တလေးလို ဗမာဒေသတွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်လာဖွယ် ရှိနေပါသည်။

Please share and circulate this news.

Comments

Popular posts from this blog

  

ရခိုင်စာပေ မြန်မာနိုင်ငံသို့ ဆင်းသက်လာပုံ

  